ခက်ခဲသည့်အရပ်၌ ဝမ်းမြောက်ခြင်း
ကျွန်မမိတ်ဆွေသည် ဖုန်းမကိုင်အားသည့်အခါတိုင်း သူ၏ voicemail အသံဖမ်းစက်က ပြောစရာရှိသည်ကို ချန်ထားရန် ပြောသည်။ ပြီးနောက် “ယနေ့ကို နေ့ထူးနေ့မြတ် ဖြစ်စေပါ” ဟူ၍ ရွှင်လန်းစွာနှင့်အဆုံးသတ်သည်။ ထိုစကားစုလေးကို ပြန်လည် သုံးသပ်ရင်း အခြေအနေအချို့တွင် အမှန်ပင် စိတ်ပျက်ဖွယ်ဖြစ်သည့်အတွက် နေ့တိုင်းကို “နေ့ထူးနေ့မြတ်”ဖြစ်အောင် မိမိ၏ အစွမ်းအစဖြင့် မတတ်နိုင်ပါ။ အရာရာအဆင်ပြေသည်ဖြစ်စေ၊ မပြေသည် ဖြစ်စေ စေ့စေ့တွေးလျှင် ကျွန်မ၏နေ့ရက်၌ ရွေးနုတ်ခြင်းနှင့် လှပသည့်အရာတို့ကို ဖော်ပြနေမည်ပင်။
ဟဗက္ကုတ်သည် လွယ်ကူချောမွေ့သည့် အခြေအနေကို မမျှော်မှန်းထားပါ။ ဘုရားသခင်က ပရောဖက်ဖြစ်သူ သူ့အား ဘုရားလူများ အမှီပြုရသည့် ကောက်ပဲသီးနှံနှင့် သိုးနွား စီးပွားများ အနာဂတ်တွင် ဖြစ်ထွန်းအောင်မြင်မှု ရှိတော့မည် မဟုတ်ကြောင်းကို ဖော်ပြသည် (၃း၁၇)။ ရောက်ရှိလာမည့် ဒုက္ခကို ကြံ့ကြံ့ခံနိုင်ရန် အကောင်းမြင်တတ်သူ ဖြစ်ရုံနှင့် မရနိုင်ပါ။ လူတစ်စုအနေနှင့် ဣသရေလလူတို့ အလွန်ဆင်းရဲကြပ်တည်းရ…
ရင်းနှီးမြှုပ်နှံမှု၏ရလဒ်
၁၉၉၅ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ စတော့ရှယ်ယာဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူများ သည် ပျမ်းမျှ ၃၇.၆ ရာခိုင်နှုန်းဖြင့် ကြီးမားသောအမြတ်ငွေကို ရရှိခံစားကြရသည်။ သို့ရာတွင် ၂၀၀၈ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံသူများသည် ၃၇.၀ ရာခိုင်နှုန်းဖြင့် အရှုံးပေါ်ခဲ့သည်။ ထိုနှစ်တို့၏ကြားကာလတွင် ပြန်လည်ရရှိသောငွေပမာဏသည် တည်ငြိမ်မှုမရှိဘဲ အတက်အကျရှိနေခြင်းကြောင့် သူတို့ရင်းနှီးမြှုပ်နှံထားသော ငွေများအတွက် ရတက်မအေးဖြစ်ကြရသည်။
သခင်ယေရှုက သူ့နောက်တော်သို့လိုက်သူများအား သူတို့၏အသက်ကို သူ့ထံပုံအပ်လျှင် ကြီးမားသော အကျိုး ကျေးဇူးကို ပြန်လည်ရရှိခံစားခွင့်ရမည်ဟု ကတိပေးခဲ့သည်။ သူတို့ပိုင်ဆိုင်သောအိမ်များ၊ လုပ်ငန်းများ၊ ရာထူးများသာမက မိသားစုများစသည့် “သူတို့၌ ရှိသမျှကိုစွန့်၍ ကိုယ်တော် နောက်သို့လိုက်” ခြင်းဖြင့် သူတို့၏အသက်တာကို ရင်းနှီးမြှုပ်နှံကြသည် (း၂၈)။ သို့သော် လောကစည်းစိမ်ဥစ္စာကို တပ်မက်သောလူချမ်းသာတစ်ဦး၏အဖြစ်ကို သိရှိရ သောအခါ ထိုသူအပေါင်းတို့သည် သူတို့၏ရင်းနှီးမြှုပ်နှံမှုအပေါ် စိုးရိမ်ပူပန်မှုများ ပို၍ ကြီးမားလာသည်။ သိုရာတွင် သခင်ယေရှုက သူ၌ ဆက်ကပ်အပ်နှံလိုသောသူသည်…
ဆိတ်ငြိမ်မှု၏အံ့ဖွယ်ရာ
ကျွန်မ၏ဘဝရှင်သန်မှုက မွှန်ထူပြာယာခတ်နေသကဲ့သို့ ကျွန်မခံစားရသည်။ ချိန်းဆို ထားသည့် ကိစ္စအတွက် တစ်နေရာမှအခြားတစ်နေရာသို့ အပြေးအလွှား သွားရသည်။ သွားနေသည့်ခရီးလမ်းတွင် ဖုန်းပြောသည်။ လုပ်ရမည့်အရာ မည်မျှကျန်သည်ကို စစ်သည်။ ဤသို့ဖြင့် အလွန်ပင်ပန်းသည့် တနင်္ဂနွေတစ်နေ့တွင် အိမ်နောက်ဘက်၌ ဆင်ထားသည့် အဝတ်ပုခက်ထဲ ကျွန်မ ပစ်လှဲလိုက်သည်။ ဖုန်းရော၊ ကလေးနှင့် ခင်ပွန်းသည်ရော အိမ်ထဲမှာ ရှိနေသည်။ အစ၌ ခဏမျှသာထိုင်မည်ဟု တွေးထားသော်လည်း အနှောင့်အယှက်ကင်းပြီး ဆိတ်ငြိမ်မှုကြောင့် ကျွန်မကြာကြာ ဆက်ထိုင်ဖြစ်အောင် ဆွဲဆောင်သည့်အရာများကို သတိပြု မိသည်။ သက်သောင့်သက်သာ ငြိမ့်ငြိမ့်လေး လှုပ်ရှားနေသည့် ပုခက်မြည်သံ၊ လာဗင်ဒါပန်း အနီး ပျံဝဲနေသည့် ပျားအသံ၊ ငှက်ကလေးတစ်ကောင်၏ တဖြတ်ဖြတ်တောင်ပံခတ်သံ စသည်တို့ကို ကြားနေရသည်။ ကောင်းကင်ကြီးက တောက်ပသော အပြာရောင်လွင်လွင်နှင့် တိမ်စိုင်များက လေနှင့် အလိုက်သင့် မျှောပါရွေ့လျားနေကြသည်။
ဘုရားသခင် ဖန်ဆင်းထားသမျှကို ကြည့်ရင်း ကျွန်မ…
ပြန်လည်ငြိမ်ဝပ်တည်ဆောက်ပေးခြင်း
၂၀၀၃ ခုနှစ်က မော်မွန်ပုရစ်ကောင်များ၏ ဖျက်ဆီးမှုကြောင့် ဒေါ်လာ ၂၅ သန်းကျော် တန်ဖိုးရှိသည့် ကောက်ပဲသီးနှံများ ဆုံးရှုံးခဲ့ရသည်။ လမ်းသွားလျှင် အနည်းဆုံး တစ်ကောင်ခန့် နင်းမိသည်အထိ ပုရစ်ကောင်များ အလွန်များပြားသည်။ ၁၈၄၈ ခုနှစ် အူတာပြည်နယ်၌ ကျသည့် သီးနှံဖျက်အင်းဆက် ပိုးနှံကောင်သည် ၂” x ၃”ခန့် သူ့အရွယ်အစားနှင့် မလိုက်အောင်ပင် သူ၏သက်တမ်း တစ်လျှောက်တွင် အသီးအနှံ အလေးချိန်စုစုပေါင်း ၃၈ ပေါင်ကို စားသုံးနိုင်သည်မှာ အံ့သြစရာပင်ဖြစ်သည်။ ၎င်းတို့ကြောင့် လယ်သမားများ၏ဘဝ ပျက်ရသည့်အပြင် နိုင်ငံတော်၏ စီးပွားရေးလည်း ဆုံးရှုံးခဲ့ရသည်။
ယုဒလူမျိုးတို့၏ နာခံမှုမရှိခြင်းအကျိုးဆက်ကြောင့် ယုဒပြည်တစ်ပြည်လုံးသည် အင်းဆက်ပိုးများ၏ဖျက်ဆီး ခြင်းကို ခံရသည့်အကြောင်းကို ဓမ္မဟောင်းကျမ်းတွင် ပရောဖက် ယောလက ထုတ်ဖော်ရေးသားခဲ့သည်။ (ကျမ်းတတ်ပုဂ္ဂိုလ်အချို့၏ ထင်မြင်ချက်အရ ပြင်ပနိုင်ငံများမှ စစ်တပ်များဟုတင်စား ထားသည့်) ရှေးမျိုးဆက်များ တစ်ခါမျှမကြုံဖူးသောကျိုင်းကောင်များ၏ ဝင်ရောက် ဖျက်ဆီးခြင်းကို…
စုံမှိတ်ထားသောမျက်လုံးများ
ထိုသို့မလုပ်သင့်ကြောင်း သူသိသည်။ ၎င်းသည် မှားကြောင်း သူသိသည်။ သူ့အမှားကို သူသိကြောင်း သူ့မျက်နှာတွင် ပေါ်နေသည်။ သူ့မျက်နှာကို ကျွန်မ ကောင်းကောင်း ဖတ်နိုင်သည်။ သူလုပ်ထားသည့် အမှားအတွက် သူနှင့်ဆွေးနွေးရန် တူတော်မောင်နှင့် မျက်နှာချင်းဆိုင်ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏မျက်လုံးများကို စုံမှိတ်ထားတော့သည်။ သူက ကျွန်မကို မမြင်လျှင် ကျွန်မကလည်း သူ့ကိုမြင်ရမည် မဟုတ်ကြောင်း သုံးနှစ်သား ကလေးအတွေးဖြင့် ထိုင်စဉ်းစားနေသည်။ ထို့ပြင် ကျွန်မက သူ့ကို မမြင်ရပါက သူလုပ်မိသည့်အမှား၏ နောက်ဆက်တွဲ ပြဿနာများအတွက် ဤသို့ထိုင်၍ ဆွေးနွေးစရာအကြောင်း လည်း မရှိပေ။
ကျွန်မ သူ့ကို မြင်ရသည့်အတွက် ကျွန်မ ဝမ်းသာသည်။ သူ့အမှားကို ပြန်မပြင်နိုင်သော်လည်း လှစ်လျူရှုခြင်း မရှိဘဲ သူ့နှင့်တွေ့ဆုံ ဆွေးနွေးရန် လိုသည်။ ကျွန်မတို့ တစ်ဦးနှင့်တစ်ဦးအကြား မည်သည့်အငြိုးအထုံးမျှ မရှိစေချင်ပါ။ ကျွန်မ၏မျက်နှာကို သေချာစွာကြည့်ပြီး သူ့ကို…
ကြွယ်ဝခြင်းဖြစ်စေ၊ ဒုက္ခဆင်းရဲခံရခြင်းဖြစ်စေ
Ann Voskamp ၏ One Thousand Gifts အမည်ရှိ စာအုပ်၌ စာဖတ်သူတို့အား မိမိတို့၏ နေ့စဉ်အသက်တာ၌ ဘုရားသခင် သူတို့အတွက် ပြုသောအမှုများကို ရှာဖွေရန် အားပေးထားသည်။ ၎င်းစာအုပ်၌ ပန်းကန်ဆေးစဉ် တွေ့ရသည့် သက်တန့်ရောင် ပြေးနေသည့် ပူဖောင်းလေး၏ အလှမှစ၍ အပြစ်သားများဖြစ်သည့် သူမအပါအဝင် ကျွန်ုပ်တို့အားလုံးအတွက် နှိုင်းယှဉ်၍မရနိုင်သော ကယ်တင်ခြင်းအထိ ဘုရားသခင်၏ ကြွယ်ဝသောရက်ရောမှု ကောင်းချီးလက်ဆောင် အကြီးအငယ်ကို နေ့စဉ်မှတ်စု ရေးခဲ့ သည်။ ကျေးဇူးသိတတ်ခြင်းသည် ဘဝအသက်တာ၏ ဒုက္ခ အရောက်ဆုံး အချိန်၌ပင် ဘုရားသခင်ကို တွေ့မြင်စေသော အဓိကသော့ချက် ဖြစ်သည်ဟု Ann က ဖော်ပြထားသည်။
ဒုက္ခနှင့် ရင်ဆိုင်သည့် ဘဝအသက်တာဟုဆိုလျှင် ယောဘ၏ဘ၀ကထင်ရှားလှသည်။ စင်စစ် သူ၏ဆုံးရှုံးမှုက ကြီးမားများပြားလှသည်။ သူ၏သိုးနွားများအားလုံး ဆုံးရှုံးပြီး မကြာမီမှာပင် သားသမီး ဆယ်ယောက်စလုံး ရှေ့ဆင့်…
ကမ်းလက်
အိုင်ဒါဟိုပြည်နယ်၏ ဆောင်းရာသီရောက်လျှင် ကျွန်မကလေးများသည် အိမ်နောက်ဘက်ရှိ စကိတ်ကွင်း၌ စိတ်လှုပ်ရှား ပျော်ရွှင်စွာ ရေခဲပြင်စကိတ်စီးကြသည်။ ငယ်စဉ်က စကိတ်စီးသင်ရာ၌ ချောနေသည့်ရေခဲပြင်ပေါ်တွင် ငြိမ်အောင်ရပ်ရခြင်းက သူတို့အတွက် အလွန်ခက်ခဲသည်။ သူတို့အတွက် စိန်ခေါ်မှုဖြစ်သည်။ သူတို့ချော်ပြီး လဲကျသွားလျှင် နာကျင်မည်ကို သူတို့ သိနေခြင်းကြောင့် ဖြစ်သည်။ သူတို့ခြေချော်သွားတိုင်း ကျွန်မဖြစ်ဖြစ်၊ ကျွန်မ ခင်ပွန်းဖြစ်ဖြစ် သူတို့ထံအပြေးသွားပြီး ဟန်ချက်ညီညီ ပြန်ရပ်နိုင်အောင် ခြေထောက်ကို ပြန်ထိန်းပေးရသည်။
ကျွန်မတို့ လဲကျသည့်အခါတိုင်း ကျွန်မတို့ကို ကူညီမည့် လက်တစ်စုံရှိနေခြင်းသည် ဆုလာဘ်တစ်ခုဟု ဒေသနာကျမ်း၌ ဖော်ပြထားသည်။ တစ်စုံတစ်ရာကို အခြားသူများနှင့် အတူတကွလုပ်ဆောင်ခြင်းဖြင့် ချိုမြိန်မှုကို ခံစားရပြီး သက်ရောက်မှုအကျိုးပိုရှိသည် (၄း၉)။ မိတ်ဆွေများက ဘဝကို နွေးထွေးစေ သည်။ စိန်ခေါ်မှုများ ရင်ဆိုင်ရစဉ် ကျွန်မတို့အနီး၌ ရပ်တည်ပေးပြီး စိတ်ဓာတ်ခွန်အား ပေးသူရှိလျှင် ကောင်းလှသည်။ အထောက်အကူဖြစ်သည့် ဤဆက်သွယ်ပတ်သက်မှု ပတ်သက်ရာပတ်သက်ကြောင်း…
မိမိ၌ရှိသည့်အရာ
ကျွန်မ၏သူငယ်ချင်းသည် မိသားစုနှင့်မိတ်ဆွေများကိုစုပြီး သူ့အိမ်၌ အားလပ်ရက် ပျော်ပွဲရွှင်ပွဲ ပြုလုပ်ရန် စိတ်ထက်သန်နေသည်။ မိသားစုနှင့် မိတ်ဆွေတိုင်းကလည်း ထိုပွဲကို မျှော်လင့်စောင့်စားလျက် အကျွေးအမွေး စားစရိတ်ကို ဝေမျှခံရန် အစားအသောက် အသီးသီး ယူလာမည်ဖြစ်သည်။ အချို့က ပေါင်မုန့်၊ အချို့က ဟင်းရွက်သုတ်၊ အချို့က အရံဟင်းများ စသည်ဖြင့် ယူလာမည်ဖြစ်သည်။ မိတ်ဆွေ တစ်ဦးကမူ ငွေကြေး အလွန်အကြပ်အတည်းဖြစ်နေသည်။ အခြားမိတ်ဆွေများနှင့် တွေ့ဆုံရမည့် ထိုပွဲကို သူမျှော်လင့် သော်လည်း အစားအသောက်တစ်ခုခုဝယ်ရန် သူ၌ ငွေလုံးဝ မရှိပါ။ ထို့ကြောင့် ပွဲလက်ခံကျင်းပပေးမည့် အိမ်ရှင်မိတ်ဆွေ၏ အိမ်ကို သန့်ရှင်းရေးလုပ်ပေးရန် သူကမ်းလှမ်းခဲ့သည်။
ဘာမှယူမလာဘဲ လက်ချည်းသက်သက် လာလျှင်လည်း သူ့ကို ကြိုဆိုမည်ပင်ဖြစ်သည်။ သို့သော် သူက သူပေးဆပ်နိုင်မည့် သူ့အချိန်နှင့် သူကျွမ်းကျင်သည့် အလုပ်ကို စိတ်နှလုံးအကြွင်းမဲ့ ယူဆောင်လျက် ပါတီပွဲသို့ လာခဲ့သည်။ ၎င်းသည်…
အားပေးမစရန် တာဝန်ရှိသည်။
စတီဗင် သွန်မဆင် အောက်မေ့ဖွယ်အထိမ်းအမှတ် အားကစားပြိုင်ပွဲသည် အခြား အားကစားနည်းများနှင့် မတူသည့် ခရီးကြမ်းပြိုင်ပွဲဖြစ်သည်။ ပြိုင်ပွဲဝင်အဖွဲ့တစ်ဖွဲ့တွင် လူ ၇ ဦးပါဝင်ပြီး ၃ မိုင် ခရီးအနက် ၂ မိုင်ခရီးကို ကြိုးတစ်ချောင်းကို အတူကိုင်ပြီး ပြေးကြရသည်။ ကျန် ၁ မိုင် ခရီးကို ကြိုးလွှတ်ပြီး ပန်းတိုင်သို့ အသီးသီး ပြေးကြရသည်။ ပြိုင်ပွဲဝင်တစ်ဦးချင်းစီ၏အမြန်နှုန်းနှင့်စံချိန်ကို ပေါင်းပြီးမှ အဖွဲ့၏စံချိန်ကို ယူသည်။
ဤနှစ်တွင် ကျွန်မသမီး၏အဖွဲ့က ယခင်နှစ်များနှင့် မတူသည့် ဗျူဟာတစ်ခုကို ရွေးချယ်ခဲ့သည်။ အပြေးအမြန်ဆုံး သူကို ရှေ့ဆုံး၌ ပြေးစေပြီး သူ့နောက်မှ အနှေးဆုံးစံချိန်ရှင်ကို ပြေးစေသည်။ သူတို့၏ရည်ရွယ်ချက်မှာ အမြန်ဆုံး ပြေးနိုင်သူက အနှေးဆုံးပြေးသူနှင့် စကားပြောနိုင်သည့် အကွာအဝေးတွင် ရှိပြီး သူ့ကို အားပေးနိုင်ရန်ဖြစ်သည်။
ဤအစီအစဉ်က ဟေဗြဲသြဝါဒစာမှ ကျမ်းစာတစ်ပိုဒ်၏သရုပ်ဖော်ချက်ကို မြင်ယောင်မိစေသည်။ စာရေးသူက ‘‘ထိုမှတစ်ပါး၊…
ရွှေဖရုံသီးထဲမှ ရတနာ
မိခင်ဖြစ်ခါစ၌ ကျွန်မသမီးလေး၏ပထမနှစ်ဘဝကို မှတ်တမ်းတင်ရန် ဆုံးဖြတ်ခဲ့ပြီး သူမည်သို့ ကြီးလာသည်၊ မည်မျှပြောင်းလဲလာသည်ကို လစဉ်ဓာတ်ပုံရိုက်ယူခဲ့သည်။ ကျွန်မသဘောကျသည့် ဓာတ်ပုံတစ်ပုံမှာ လယ်သမားတစ်ဦးထံမှ ကျွန်မဝယ်ယူခဲ့သည့် အသားခြစ်ပြီးသား ရွှေဖရုံသီးခွံထဲ မြူးတူးပြုံးရွှင်စွာ ထိုင်နေသည့်ပုံဖြစ်သည်။ မေ့အသည်း၊ မေ့ဆည်းလည်းလေးက ဧရာမရွှေဖရုံသီးထဲမှာပါ။ ရွှေဖရုံသီးက မကြာမီ ပုပ်ပျက်သွားသော်လည်း သမီးလေးက တဖြည်းဖြည်း ဆက်လက်ရှင်သန်ကြီးပြင်းလာခဲ့သည်။
သခင်ယေရှုမည်သူဖြစ်သည်ဟူသော သမ္မာတရားကို သိခြင်းနှင့် စပ်လျဉ်း၍ ရှင်ပေါလု၏ဖော်ပြချက်က ထိုဓာတ်ပုံကို သတိရစေသည်။ နှလုံးသား၌ သခင်ယေရှုကို သိသောပညာကို ရှင်ပေါလုက မြေအိုး၌သိုထားသည့် ဘဏ္ဍာနှင့်တူသည်ဟု ခိုင်းနှိုင်းထားသည်။ ကျွန်မတို့သည် ‘‘အမျိုးမျိုးသော နှောင့်ယှက်ခြင်း ခံရလျက်’’ (၂ ကော ၄း၈)၊ ရုန်းကန်ရသည့် အခြေအနေများတွင် သခင်ယေရှု ပြုပေး ခဲ့သည့်အမှုကို သတိရခြင်းဖြင့် ခံရပ်နိုင်သည့် ခွန်အားသတ္တိ များကို ရရှိစေသည်။ ကျွန်မတို့အသက်တာရှိ ဘုရားသခင်၏ တန်ခိုးတော်ကြောင့် ကျွန်မတို့သည်…